Android ဖုန်းများအတွက်
အခုပြောပြမှာကတော့ .... အခုခေတ်မှာ ပေါ်တဲ့ ဖုန်းတွေက ပုံစံအမျိုးမျိုးနဲ့ ခိုးခံရလို့ပဲ ဖြစ်ဖြစ် ပျောက်သွားလို့ပဲဖြစ်ဖြစ် ဒါလေးတော့ သိထားသင့်ပါတယ် .....
သင့်ရဲ့ဖုန်းပျောက်သွားရင် ဒါမှမဟုတ် အခိုးခံခဲ့ရရင် IMEI Number ကိုအသုံးပြုပြီး ရှာဖွေခြင်းက အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။
ဆဲလ်ဖုန်းတိုင်းမှာ အမျိုးအစားလိုက်ရှိတဲ့ ID Number ကို IMEI လိုခေါ်ပါတယ်။
သူရဲ့အရှည်ကောက်ကတော့ "International Mobile Station Equipment Identity” ပါ။ အဲ့ဒီ Number
တွေကတော့ Mobile ဖုန်းများ၏ အချက်အလက်တွေကို သိမြင်နိုင်ပါတယ်။ ဥပမာအားဖြင့် Originality, Vendor, Model Number စတာတွေပဲဖြစ်ပါတယ်။
Status နှင့် Area တွေအတွက်ဒီ IMEI Number တွေကအသုံးဝင်ပါတယ်။ Mobile Phone ၏အစိတ်အပိုင်းတွေမှာလည်း IMEI Number ကိုတွေနိုင်သလို ပိုပြီးသေချာချင်ပါက Dialer ကနေ *#06#
ကိုခေါ်ပြီးတော့လည်း တွေ့နိုင်ပါတယ်။ Android Device တွေမှာလဲ Device Setting -> About မှာ အလားတူ တွေ့နိုင်ပါတယ်။
နောက်တစ်ခုကတော့ ဖုန်းကိုအခိုးခံရပြီ ဒါမှမဟုတ် ပျောက်ဆုံးသွားတဲ့အချိန်မှာ ဖုန်းကပိတ်နေမယ်ဆိုရင်
သင့်ဖုန်းရဲ့ Telecom Administrator တွေကို ဆက်သွယ်ဖို့လိုအပ်ပါတယ်။ ဒီပြသနာကို ဖြေရှင်းဖို့အတွက်ဆိုရင် IMEI Number နှင့်အတူ Administrator သည် ပျောက်သွားသော ဖုန်းသည်
ပိတ်ထားသည့်တိုင်အောင် ခြေရာခံနိုင်မှာဖြစ်ပါတယ်။
သင့်ဖုန်းကိုရှာဖွေဖို့ရန်အတွက် သေချာတာကတော့ သင့် Android Mobile's IMEI Number ကို Google Dashboard မှာရှာဖွေနိုင်ပါတယ်။ Google Dashboard သည် Spot အနေဖြင့် နေရာကိုပြပေးပါတယ်။
သင့်၏ Information များကို ပြသပေးခြင်းကတော့ Google Services ရဲ့ ထူးခြားချက်ပဲဖြစ်ပါတယ်။ သင်ဝင်ထားတဲ့ Google Account ကနေ Android Device ကိုလှမ်းပိတ်နိုင်ပါတယ်။
Device သည် "Android Section of Google Dashboard Page” မှာ
မှတ်တမ်းတင်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် အချက်အလက်တွေက သင့်မှာရှိတယ် ဒါမဟုတ် Internet ကနေ
အကြာကြီး Disconnected ဖြစ်ခဲ့ရင်တောင် ဖုန်း၏ တည်နေရာ ပတ်ဝန်းကျင်ကို သေချာဖော်ပြပေးမှာ ဖြစ်ပါတယ်။Google Service မှ တဆင့် မြင်တွေ့နိုင်တဲ့ အချက်အလက်တွေကတော့ အောက်ပါအတိုင်း
ဖြစ်ပါတယ်-
- IMEI
- Model Name
- Manufacturer
- Carrier
- Time of last activity
- Registered date (sign in date of Google account to the device)
- Backup data saved app
ပျောက်ဆုံး သို့မဟုတ် အခိုးခံရသည့် ဖုန်းကို ရှာဖွေပုံ အဆင့်ဆင့်ကို
http://myaccount.google.com/intro/privacy သို့ ၀င်ပြီး Google account sign in လုပ်ပါ (အဲ့ဒီ Account ကAndroid Phone's ဖုန်းမှာဝင်ထားတဲ့ Account ဖြစ်ပြီး ထို Account နှင့် Play Store, Gmail App တွေကို ထိုဖုန်းအပေါ်မှာ အသုံးပြုထားပြီးသား ဖြစ်နေရပါမယ်)၊Login ၀င်လိုက်တာနှင့် ချိတ်ဆက်ထားခဲ့သော Android ဖုန်းများကို ပြထားပါလိမ့်မယ်။ထို IMEI Number များထဲမှ မိမိ၏ IMEI Number ကို ယူပြီး ပျောက်ဆုံးသည့် သို့မဟုတ် အခိုးခံရသည့် ဖုန်းကို ရှာဖွေနိုင်ပါတယ်။
ဖော်ပြပါနည်းလမ်းကို အသုံးပြုပြီး ပျောက်ဆုံးသွားသော သို့မဟုတ် အခိုးခံရသော ဖုန်းကို ရှာဖွေနိုင်ပါစေ။
No comments:
Post a Comment
အကြံပြုချက်လေးများရေးသွားပေးကြပါရန်။