Saturday, February 6, 2016

What is Droid Jack

Hello Buddy !

နောက်ကျောကို ဓါးနဲ့ထိုးသလို မသိလိုက် မသိရဘဲ အချက်အလက်တွေခိုးယူနေတဲ့ သူခိုးတွေ ( အများအခေါ် hackers and attackers ) တွေအသုံးပြုတဲ့နည်းလမ်းများထဲက  DroidJack  အကြောင်း
ယနေ့ခေတ်မှာဆိုရင် တယ်လီဖုန်းတွေအသုံးပြုတာတွေ များလာတာနဲ့အမျှ အရေးပါမူကလည်းမြှင့်တက်လျှက်ရှိပါတယ်။ နေ့စဉ်အသုံးပြုနေသော ပစ္စည်းကို ပြပါဆိုလျှင် တယ်လီဖုန်းသည် ထိပ်ဆုံးစာရင်းတွင် ပါဝင်နေမည်ဖြစ်သည်။ဖုန်းအသုံးပြုခြင်းနှင့်အတူ အင်တာနက်ပါကိုပါ ထည့်သွင်းတွက်ချက်ရမှာပါ။ ယနေ့မြန်မာပြည်မှာ  လူတစ်ဦးနှင့်တစ်ဦးဆက်သွယ်ရန် အချက်အလက်များ ပေးပို့ရန် နှင့် အခြားသော စီးပွားရေး လှူ့မှူ့ရေးစတဲ့စတဲ့ အလုပ်  တွေမှာ တယ်လီဖုန်းနဲ့ အင်တာနက် ကမပါမဖြစ် ဖြစ်နေပြီလေ ....ယခုခေတ်ကို အင်တာနက်ခေတ်လို့ ကျနော် က သတ်မှတ်ထားပါတယ် ။ ဒီ့ထက် အသေးစိတ်ရင်တော့ အများကြီးပေါ့ ။ 
အင်တာနက်များ ဖုန်းများ တွင်ကျယ်လာသကဲ့သို့ လူတွေကို ဖြေဖျော်ပေးမည့် Android Application များ၏အရေးပါမှူကိုမမေ့ထားသင့်ပါဘူး။Android Application များကို Download and Upload လုပ်နိုင်သော Google Play Store မှာရှိတဲ့Applications များထဲမှာလဲ ကျနော်တို့တွေ မသိနိုင်တဲ့ Malicious Applications  တွေ က အများကြီးကိုး။ ညာဏ်တိမ်တဲ့ လူအချို့ ဆိုရင် Google Play Store ကဆို ရင်မှန်ကန်တယ်လို့ သတ်မှတ်ကြတယ်ဗျ ..။ (-----) အဲ့ကောင်တွေ တိုက်ခိုက်ဖို့(၀ါ)ခိုးဖို့ အထူးပြုလုပ်ဖန်တီးထားတဲ့ Applications ပေါင်းများစွာလည်းရှိပါတယ်ဆိုတာကိုလဲ သတိပြုစေချင်ပါတယ် .....
ကဲကဲ စာတွေရှည်နေလို့လဲ လို ရင်းမရောက် ပဲ ဖြစ်တော့မယ် ....ကျနော် အခုပြောပြမယ့် Applications က ခုနကပြောတဲ့ Application တွေထဲက တစ်ခု အပါအ၀င် ဖြစ်တဲ့  DroidJack လို့ခေါ်တဲ့  Remote Administration Trojan (RAT) ပါ။
 အဖျက်စွမ်းအားပြင်ထန်သည့် Android RAT တစ်မျိုးရှိပါတယ်။ ဒီ DroidJack နဲ့ ဖန်တီးထားသော Application များကို Installation လုပ်မိပါက  မိမိရဲ့ အချက်အလက်များကို (-----------) အဲ့ကောင်တွေသိမ်းပိုက်ရရှိသွားမှာဖြစ်ပါတယ် .... သူတို့တွေက DroidJack ကို အသုံးပြုပြီး Android ဖုန်းတွေအတွက် Application တစ်ခုကို ဖန်တီးပြီး Google Play Store မှာ upload တင်ပြီးတော့ တိုက်ခိုက်နေကြတဲ့ပုံစံတွေရှိနေပါတယ် .... အဲ့ဒီ Application ကို Installation လုပ်မိပြီးရင်  Application က သားကောင် ရဲ့ဖုန်းနှင့် သူတို့ ကွန်ပြူတာကို ချိတ်ဆက်ပေးတဲ့ အလုပ်မျိုး စွမ်းဆောင်လိုက်တော့ ဖုန်းတစ်ခုလုံးကို သူတို့က ထိန်းချူပ်ခွင့်ရရှိသွားတာဖြစ်ပါတယ် ....။ 
DroidJackဆိုတဲ့ကောင်ရဲ့ စွမ်းဆောင်နိုင်စွမ်းတွေကတော့ ....
    ၁။ SMS အသွားအလာတွေကို ကြည့်ရူ့နိုင်ခြင်း 
    ၂။ ဖုန်းခေါ်ဆိုမှူ့များကို ကြည့်ရှူ့နိုင်ခြင်း
    ၃။ ဖုန်းထဲမှာ မှတ်ထားတဲ့ ဖွယ်ဖွယ်ရာရာတွေရော၊မဖွယ်မရာတွေရော အကုန်လုံးပေါ့ Valutပါမကျန်ကြည့်ရှုနိုင်ခြင်း ........စတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်နိုင်ပါတယ်။
ကိုယ့်ဖုန်းမှာ root မရှိပေမယ့် အချို့ အချို့သော application က ထိုးဖောက်ဝင်ရောက်နိုင် တာကိုလဲ သိထားရမယ် ...။ ဒါကြောင့် application များကို သတိထားပြီး အသုံးပြု'ကဖို့နဲ့ download ဆွဲရင်လဲ ယုံကြည်ရတဲ့ နေရာကနေ လုပ်ကြဖို့ တိုက်တွန်းပါတယ်။မဖြစ်မနေ Installation လုပ်ရမည် ဆိုပါက မိမိ Installation လုပ်မည့်  application အကြောင်းအရာကို စုံစမ်းသင့်ပါတယ်။ ဒီလိုခေတ်မှာ နေ့စဉ်နေ့စဉ် ဟက်ကာတွေရဲ့ တိုက်ခိုက်မှုကို ခံနေရတာကြောင့် သတိပြုကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ် ။ ကျနော် ဒီ BLOG မှာတင်ပေးနေတဲ့ application တွေကို ကိုယ်တိုင်စမ်းသပ်ပြီးမှ တင်ပေးတာဖြစ်ကြောင်းကိုလဲ ဒီ post မှာ ပြောခဲ့ သလိုပဲ ထပ်ပြီးတော့ ပြောကြားလိုပါတယ် ...။
နောက်မှ အလျင်းသင့် သလို hacker ဆိုတာ ဘယ်လိုလူမျိုးတွေကို သတ်မှတ် ခေါ်ဝေါ်ကြတာလဲ ... အတတ်နိုင်ဆုံးဘယ်လို ကာကွယ်ကြမလဲဆိုတာကို ဆက်လက်ဖော်ပြပေးသွားပါဦးမယ် .... 




No comments:

Post a Comment

အကြံပြုချက်လေးများရေးသွားပေးကြပါရန်။