Saturday, February 6, 2016

Wifi and Virus

Wifi Free သုံးမိတဲ့ အခါ သတိပြုသင့်တဲ့ အချက်တွေထဲက သိသလောက် ...

တိုးတက်ခေတ်မှီနေတဲ့ ကျနော်တို့နေထိုင်တဲ့ အချို့ မြို့ကြီးတွေမှာ Wifi  Free ရတဲ့နေရာတွေပေါများလာပါတယ်။ လေဆိပ်တွေ ဟော်တယ်တွေ စားသောက်ဆိုင်တွေမှာ ရှိကြပါတယ်။အစိုးရဌာနဆိုင်ရာရုံးတချို့တွေနဲ့  ပုဂ္ဂလိကကုမ္ပဏီတွေမှာလည်း ဝန်ထမ်းတွေအတွက် Free Wifi ပေးထားကြပါတယ်။ ကျနော်တို့ နိုင်ငံမှာလည်း Internet Bill ကဈေးကြီးနေသေးတော့ Free ရတယ့် Wifi ကိုအားကိုးပြီး Download ဆွဲချင်သူတွေ များကြပါလိမ့်မယ်။Free Wifi ကBill တော့မကုန်ဘူးပေါ့။ သို့ပေမယ့် အန္တာရာယ်ရှိတဲ့ အချက်လေးတွေတော့ ရှိပါတယ်။
            ပထမဆုံးအချက်ကတော့ Fake Hotspot ပဲဖြစ်ပါတယ်။ ကိုယ်ကတော့ Wifi အစစ်ကို ချိတ်တယ်လို့ယူဆနေပေမယ့် သူတို့ရဲ့  fake တွေဖြစ်နေတတ်ပါတယ် .. ဒီထက်ပိုဆိုးတာက သူတို့ကလဲ အဲ့ဒီ wifi မှာပဲ ၀င်ရောက် အသုံးပြုပြီး data တွေကို ခိုးယူတတ်ကြတာမျိုးလဲ ရှိနိုင်ပါတယ် ....ကိုယ်က Wifi ကိုချိတ်မိတာနဲ့  Network Traffic ကိုကြားဖြတ်ဖမ်းယူနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ဝင်ခဲ့တဲ့ Website တွေ Username,Password တွေကိုသိရှိနိုင်ပါတယ်။ နောက်ပြီးရှိနေတတ်တဲ့   Malicious လင့်တွေပေးပို့ပြီး ထိန်းချုပ်ရယူမှုပြုလုပ်ခြင်း ခံရနိုင်ပါတယ်။အရေးကြီးတဲ့အချက်အလက်တွေဖြစ်တဲ့ Username, Password တွေကိုရရှိသွားနိုင်ပါတယ်။ Password မခံထားတဲ့  အချို့Wifi တွေမှာဆိုရင် သူတို့တွေက Network ကို Virus တို့ Malware တို့ဖြင့် Injection ပြုလုပ်ပြီး ဝင်ရောက်ထိန်းချုပ်မှုပြုနိုင်ပါတယ်။အဲဒါကြောင့်အကြံပြုလိုတာကတော့......
.
၁။ ကိုယ်မသိတဲ့ Free Wifi ကို အချိုအချောင် ဆိုပြီးမချိတ်ပါနဲ့

၂။ ကိုယ်သိတဲ့ Wifi ဖြစ်နေရင်တောင် Username နှင့် Password အသုံးပြုနေရတဲ့ Website (ဥပမာ Gmail, Facebook) တို့ကို ဖြစ်နိုင်ရင်မဝင်ပါနှင့်
.

၃။ အကယ်၍ မတတ်သာလို့ ဝင်ရတော့မယ်ဆိုရင်တော့ VPN ကိုသုံးပါ။ VPN မှာ Private Tunnel တစ်ခုကို   Encryption ပုံစံမျိုးဖြစ်တာကြောင့် ပါသွားရင်တောင်မှ  Encrypted Data တွေကိုပဲရလို့ ညစ်နေမှာပါ ..။

၎။ ဖုန်းတို့ Laptop တို့မှာ Antivirus တို့ Malware Detector တို့ကို ထည့်သွင်းပြီး Software တွေကို Update ပြုလုပ်ထားပါ။
.

၅။ ကိုယ့်ဖုန်းဘေလ်နှင့် သုံးစွဲခြင်းကသာ လုံခြုံစိတ်ချရတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ Bill ပါမတတ်နိုင်ရင်တော့ မသုံးပဲ နေတာက အကောင်းဆုံးပါ ။

          ဟိုစကားလိုပေါ့ ထိုင်နေတော့အကောင်း .. ထသွားမှ ကျိုးမှန်းသိ ဖြစ်မှာစိုးရိမ်ရတယ် ... :) android အတွက် ကျနော် အသုံးပြုဖူးတဲ့  Antivirus လေးကိုတော့ share လုပ်ပေး လိုက်ပါတယ် .... download ချသုံးဆွဲချင်သူများ
အောက်ကလင့်မှာ ဆွဲဖို့ တင်ပေးထားပါတယ် ... နောက်ရက်တွေမှာလဲ ....အလျင်းသင့်သလို ဖော်ပြပေးပါမယ် ....

P.S ====  download မပြုလုပ်ခင် ဒီ post လေးကို အရင်ဖတ်ကြည့်ပါ ..... ============> READ OUR GUARANTEE <=============

ဖတ်ပြီး လိုချင်ရင်တော့ ဒီမှာ ကြိုက်ရာရွေး  ၁။   =====>  Antivirus Pro 2016_v1.2.apk  <=====

                        ၂။   =====>  Antivirus Pro for Android™_v1.2.4.apk  <=====

                        ၃။   =====>  AVG AntiVirus for Android_v5.1.1.apk  <=====

                        ၄။   =====>  Avira Antivirus Security_v4.3.apk <=====

download မပြုလုပ်တတ်ရင်ဒီမှာဖတ်ပါ ========> HOW TO DOWNLOAD <=========




No comments:

Post a Comment

အကြံပြုချက်လေးများရေးသွားပေးကြပါရန်။